ကိုဗစ် (၁၉) ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေစဉ် ကာလ အတွင်း ရိခေါ်ဒါရ် ပျံကျဈေးအား တစ်ပတ်လျှင် သုံးရက်ဖွင့်လှစ်ပေးရန် စီစဉ်ထား
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ် (၁၉)ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးကာကွယ်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ရပ်ကွက်လူငယ်အဖွဲ့ဝင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ ဒေသဆိုင်ရာ ဌာန ဆိုင်ရာများ၏ နှိုးဆော်ချက်များနှင့် ကျန်းမာရေးဌာန၏ အကြံပြုချက်များအတိုင်း အသိပညာပေးခြင်း၊ စောင့်ကြပ် စစ်ဆေးမှုများ နေ့စဉ်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရ