ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့လမ်းဦးစီးဌာနက ဒေသနေပြည်သူများ ရာသီမရွေး သွားလာရေး လွယ်ကူစေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်-လှိုင်းဘွဲကားလမ်းပေါ်ရှိ ပေ(၃၀)တံတား မြေထိန်းနံရံနှင့် ရေလမ်း ကြောင်း ပြုပြင်ရေးလုပ်ငန်းကို ၂၀၂၀ပြည့်နှစ် ဧပြီလပထမပတ်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။