တနိုင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများအား အိမ်တိုင်ရာရောက်ပစ္စည်းများထောက်ပံ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ဇူလိုင်လမှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေအိမ်များအတွင်း ရေများဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့ဆောင်ရွက်ထား ရှိသော ရေဘေးသင့်အိမ်ထောင်စုအား ယနေ့မွန်းလွဲပိုင်းက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပရဟိတလူငယ်များပူးပေါင်း၍ ပစ္စည်းများနှင့် ထမင်းထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ မြေပြိုကျမှုဖြစ်စဉ်တွင် သေဆုံးသူမိသားစုဝင် ထိခိုက်လွယ် အုပ်စုများအား ပံ့ပိုးကူညီရန် မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)က ပါဝင်လှူဒါန်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ ရတနာမြေတွင် ဖြစ်ပွား ခဲ့သော မြေပြိုမှုကြောင့်
ကာမိုင်းမြို့၌ ရေဘေးသင့်ပြည်သူများအား ဆေးတပ်ဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ဆေးကုသပေး
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နှစ်ခြင်းဘုရားကျောင်း၌ ယနေ့ မွန်းလွဲ ၁ နာရီက ရေဘေးသင့်ပြည်သူများအား နယ်မြေခံဆေးတပ်ဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ကံမမြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် နေအိမ်အချို့ ပြောင်းရွှေ့
မကွေးတိုင်းဒေသကြီး  သရက်ခရိုင်  ကံမမြို့ အမှတ်(၂)ရပ်ကွက် ကမ်းနားရပ်တွင် ဧရာ၀တီမြစ်ရေ မြင့်တက်ပြီး ရေများ ရောက်မှုကြောင့်  ဇူလိုင် ၂၃ ရက်က အိမ်ထောင်စု ၄၀ကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးလျက်ရှိသည်။
ကန်ကြီးထောင့်မြို့နယ်ရှိ အင်းနှင့်သဘာဝရေပြင်များသို့ ငါးမျိုးများစိုက်ထည့်
ပုသိမ်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးရိက္ခာများ ရေရှည်စဉ်ဆက်မပြတ် စားသုံးနိုင်ရေး၊ ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်၊ ငါးသယံဇာတများ ပေါများလာစေရန် ရည်ရွယ်လျက် ပုသိမ်မြို့ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အင်းနှင့်သဘာဝရေပြင်များသို့ ငါးမျိုးများစိုက်ထည့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။ 
ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက်မပြတ် စားသုံးနိုင်ရေးနှင့် ငါးထုတ်လုပ်မူ တိုးတက်မြင့်မားလာစေရန်၊ ငါးသယံဇာတများ ပေါများလာစေရန် ရည်ရွယ်လျက် ဇူလိုင် ၂၄ ရက် နံနက် ၉နာရီတွင်