ဝန်းသိုမြို့၌ စော်ဘွားကြီး ဦးရွှေသား တည်ထားကိုးကွယ်ခဲ့သည့် ဘုရား(၅)ဆူအား ရှေးမူမပျက် ပြုပြင်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် မြသန္တာရပ်(ကုလားတန်း)ရပ်ရှိ ဒုတိယခန္တီး ကျောင်းဟောင်းအတွင်း ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ ခမည်းတော် ဦးရွှေသား တည်ထား ကိုးကွယ်တော်မှုခဲ့သည့် ဘုရား(၅)ဆူအား သံဃာတော်များဦးစီး၍ ရှေးမူမပျက် ပြုပြင်မွမ်းမံလျက် ရှိရာ ဘုရားသုံးဆူအား ပြုပြင်ဆောင်ရွက်ပြီးဖြစ်ကြောင်း အကျိုးတော်ဆောင် မုံရွာလမ်းတံတား ဆရာတော် အရှင်သူရိယက မိန့်ကြားခဲ့





