ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာတွင် Cash for Work စီမံကိန်းနှင့် VRFP စီမံကိန်းများ အကောင်အထည်ဖော်ဆောင်မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာတွင် ယခုဘဏ္ဍာရေး နှစ်အတွင်း Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ(Village Revolving Fund Project- VRFP) စီမံကိန်းတို့ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းထံမှ သိရသည်။








