ပြည်ပမှ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပျံသန်းသည့် ခရီးစဉ်များ ယာယီရပ်ဆိုင်းမှုကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၁၅)ဉီးနှင့် Carnival အပျော်စီးသင်္ဘောလိုင်း၏ Conquest၊ Dream၊ Holland America သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာသင်္ဘောသား အမှုထမ်း(၁၁၀) စုစုပေါင်း(၁၂၅)ဉီးအား အဆိုပါသင်္ဘောကုမ္ပဏီနှင့် မြန်မာသံရုံး တို့၏ စီစဉ်ပေးမှုဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ရာ ယနေ့ ညနေ(၁၉:၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။