ဝန်းသိုမြို့တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့တွင် ရေဝင်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့တွင် ယနေ့ နံနက် ၃ နာရီခန့်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောင်းရေလျှံကာ မြကန်သာရပ်၊ ရွာသစ်ကုန်းရပ်နှင့် မြနန္ဒာရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းများသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။






