အစိုးရနှင့် NCA-S EAO ကိုယ်စားလှယ်များ၏ စတုတ္ထအကြိမ်အလုပ်အဖွဲ့ အစည်းအဝေး ဆက်လက်ကျင်းပ

အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA–S EAO)  ၏ စတုတ္ထအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ဆက်လက် ကျင်းပသည်။
ကျိန္တလီမြို့၊ ရတနာမြိုင်ကျေးရွာတွင် မိုးစပါး မျိုးစေ့ထုတ်၊ စံပြကွက်၊ စမ်းသပ်ကွက် တောင်သူများအား မျိုးစပါး၊ ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
ကျိန္တလီမြို့၊  မိုးစပါးမျိုးစေ့ထုတ်၊ စံပြကွက်၊ စမ်းသပ်ကွက် တောင်သူများအား ဆင်းသွယ်လတ် (RS)မျိုးစပါး၊ ကွန်ပေါင်း(၁၅)ပတ်လည် ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို .............
ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် MCCT အစီအစဉ်များ စတင်အကောင်အထည်ဖော်မှုအား သတင်းမီဒီယာများထံ အသိပေးရှင်းလင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ၂၀၁၉-၂၀၂၀ခု၊ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၌ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ် (Maternal and Child Cash Transfer – MCCT) အား သတင်းမီဒီယာများထံ မိတ်ဆက်သည့် အခမ်းအနားကို Zoom Meeting ဖြင့် Online မှတဆင့် ယနေ့နံနက် ၁၁ နာရီတွင် ကျင်းပခဲ့သည်။
(၁၀) နှစ်ပြည့် သင်္ဘောသားနေ့ အထိမ်းအမှတ်အဖြစ် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသည့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော  မြန်မာနိုင်ငံသားများအား အလှူရှင်များက အစားအသောက်များလှူဒါန်း
ဇွန် ၂၅ ရက်တွင်ကျရောက်သည့် (၁၀) နှစ်ပြည့် သင်္ဘောသားနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်း၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသည့် ပြည်ပနိုင်ငံများမှပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား
ပိုင်ကျုံချောင်းကူးတံတားအား အကြီးစားပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်မည်
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ သွားလာရေးပိုမိုအဆင်ပြေ လွယ်ကူစေရန်အတွက် မြို့ချောင်းကူးတံတားကြီးအား အကြီးစားပြင်ဆင်မှုလုပ်ငန်းများကို ဇွန် ၂၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ(၂၀၂၀) ကျင်းပ
ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ (၂၀၂၀) အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ဆန်းစစ်သုံးသပ်၍ ပြင်ဆင်ရေးဆွဲရေး ဦးဆောင်ကော်မတီ၊ အကြံပေး ကော်မတီနှင့် လုပ်ငန်းအဖွဲ့တို့ Video Conferencing ဖြင့် ဆွေးနွေး
မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ဆန်းစစ်သုံးသပ်၍ ပြင်ဆင်ရေးဆွဲရေး ဦးဆောင်ကော်မတီ၊ အကြံပေးကော်မတီနှင့် လုပ်ငန်းအဖွဲ့တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၌ Video Conferencing ဖြင့် ဆွေးနွေးသည်။