အမျိုးသမီးများအပေါ်   အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ  (မူကြမ်း)  ရှင်းလင်းဆွေးနွေးပွဲကျင်းပ

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။
ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့ သတ္တမအကြိမ် အစည်းအဝေးကျင်းပ 
ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆိုင်ရာလုပ်ငန်းအဖွဲ့၏ သတ္တမအကြိမ်မြောက်အစည်းအဝေးကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ ပညာရှင်များ၏ ကြိုပမ်းမှုဖြင့် ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကို မြန်မာနိုင်ငံတွင် စစ်ဆေးနိုင်မည်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (National Health Laboratory) သည် (၂၀ဝ၈) ခုနှစ်၊ ဖေဖေါ်ဝါရီ (၂၆) ရက်မှစတင်၍ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု “အမျိုးသားတုပ်ကွေးရောဂါဌာန  အဖြစ်ရပ်တည်ခဲ့ပြီး တုပ်ကွေး ဗိုင်းရပ်(စ်)ပိုးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်(စ်)ပိုးများကို  ဓာတ်ခွဲစစ်ဆေး ခြင်းဖြင့် အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် ကူးစက်တတ်သောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကုသခြင်းလုပ်ငန်းများတွင် အထောက်အကူပြု ဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအသင်း (MRPPA) နှင့် Southland Myanmar Rubber Co.,Ltd မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့မွန်းလွဲ ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်း နိုင်ငံတကာ အဆင့်မီ ရော်ဘာကုန်ချောစက်ရုံတည်ဆောက်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအသင်း (MRPPA)မှ တာဝန်ရှိသူများ၊ Southland Myanmar RubberCo.,Ltd  တာဝန်ရှိသူများနှင့်  နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး၏ အစည်းအဝေးခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေး ကမ္ဘာ့ဘဏ်က ပူးပေါင်းပါဝင်ကူညီနိုင်မည့် ကိစ္စရပ်များအား ဆွေးနွေး
ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့်အဖွဲ့သည် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ဒါရိုက်တာရုံးနှင့် ညှိနှိုင်း၍ ထိုင်းနိုင်ငံ Government Pension Fund – GPF စနစ် ဆောင်ရွက်နေမှုများကို  ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ သွားရောက်လေ့လာခဲ့သည်။
ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ 
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂  နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ရေပန်းဥယျာဉ်တွင် ကျင်းပလျက်ရှိသည့် ပန်းပွဲတော်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်သဖြင့် အထူးစည်ကား
နေပြည်တော် ရေပန်းဥယျာဉ်အတွင်း ကျင်းပလျက်ရှိသည့် ပန်းပွဲတော်သို့ မြန်မာနိုင်ငံအနှံ့ အပြားမှ ခရီးသွားပြည်သူများသာမက နိုင်ငံခြားခရီးသွားဧည့်သည်များပါ ပန်းပွဲတော်အတွင်း စိုက်ပျိုးထားရှိသည့်ပန်းများနှင့် ဖန်တီးပုံဖော်ပြသထားသည့် ပန်းပေါင်းစုံတို့၏ အလှကို ခံစားအပန်း ဖြေရင်း လာရောက်လည်ပတ်ကြသဖြင့် အထူးစည်ကားလျက်ရှိသည်။