Covid-19 လမ်းညွှန်ချက်နှင့်အညီ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ချေးငွေများ ပြန်လည်ထုတ်ချေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် လက်ပံကျင်းကျေးရွာတွင် ဆဌမအကြိမ် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို Covid-19 ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ထုတ်ချေးနိုင်ခဲ့ပါကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။






