မီးအသိ မီးသတိရှိစေရန်  စစ်ဆေးအသိပညာပေးခြင်း သရုပ်ပြဇာတ်တိုက်‌ လေ့ကျင့်ခြင်းများ ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် မီးသတ်ဦးစီးမှုးရုံး ဦးစီးမှုးဦးရန်ပိုင်ဖြိုး ဦးဆောင်လျှက် ဖေဖော်ဝါရီ ၁၇ ရက်နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ    မီးဘေးကြိုတင် ကာကွယ်နိုင်ရေးနှင့် မီးအသိ မီးသတိရှိစေရန်အတွက် စစ်ဆေးအသိပညာပေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရ
အထူးကုဆရာဝန်ကြီးများပါဝင်သည့် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ ကံမမြို့နယ်မှပြည်သူများအား အခမဲ့ ဆေးကုသပေး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်မှစတင်၍ ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ပေးပြီး ခွဲစိတ်ကုသပေးလျှက်ရှိသည်။
မိတ္ထီလာ၌ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်  စက်ချုပ်နည်းပညာ အခြေခံနှင့် အဆင့်မြှင့်သင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေး
မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ အလုပ်အကိုင် အခွင့်အလှမ်းများရရှိစေရန် စက်ချုပ်နည်းပညာ အခြေခံနှင့် အဆင့်မြှင့် သင်တန်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
စစ်တွေမြို့၌ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရခိုင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် စစ်တွေခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်လူ မှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စလင်းမြို့နယ် ကျေးရွာခုနှစ်ရွာတွင် သောက်သုံးရေရရှိရေး စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ခုနှစ်ရွာတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက နွေရာသီကာလ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် စက်ရေတွင်းနှင့်ဆက်စပ်လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာန မှသိရ
လိုင်လင်းပီမြို့၌ (၅)နှစ်အောက်ကလေးများအား ပထမ ရက်သတ္တပတ် ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးပေး
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ လိုင်လင်းပီမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ (၅)နှစ်အောက်ကလေးများအား အာဟာရ ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးခြင်းကို တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ယနေ့နံနက်(၁၀)နာရီအချိန်တွင် တိုက်ကျွေးပေးကြသည်။