ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျေးရွာများရှိ ကျောင်းသား ကျောင်းသူ ကလေးသူငယ်များအတွက် အသက်ကယ်အင်္ကျီများနှင့် စက်တပ်လှေများ လှူဒါန်းပွဲတက်ရောက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးရွာများရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ACCOR Hotel Myanmar အဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအတွက် အသက်ကယ်အင်္ကျီများ၊ စက်တပ်လှေများ၊ ကျောင်းဝတ်စုံများနှင့် အဝတ်အစားများ လှူဒါန်းပေး အပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။