ထီးလင်းမြို့တွင်း ရပ်ကွက်လမ်းများအား အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိ

မြို့တွင်းရပ်ကွက်လမ်းများ တိုးတက်ကောင်းမွန်ရေးနှင့် ပြည်သူများ သွားလာမှု အဆင်ပြေလွယ်ကူ ချောမွေ့စေရေးတို့အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် မြို့ပေါ်ရပ်ကွက်လမ်းများအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယ်စဲ့ ဘီပီ(၁၃)ဂိတ်တွင် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စစ်ဆေးဆောင်ရွက်
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ကူးစက်ပြန့်ပွားမှုမရှိစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများက မယ်စဲ့ ဘီပီ(၁၃)ဂိတ်တွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ချင်းအမျိုးသားနေ့အခမ်းအနား ထန်တလန်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်မည့် (၇၂)နှစ်မြောက် ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ အခမ်းအနားကို ထန်တလန်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားရှိသည့် မင်းဘူးသစ်ထုတ်လုပ်ရေးဒေသမှ အာမခံအလုပ်သမား ဉီးဝင်းမော်၏ လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မင်းဘူးမြို့ မန်းသီတာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ပိုင်ကျုံမြို့ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ
ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို တိုက်ရိုက်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းက ပိုင်ကျုံမြို့၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ရာသီဥတုကောင်းပြီး အထွက်နှုန်းတိုးကာ ဈေးကောင်းသဖြင့် ဆေးရွက်ကြီးစိုက် တောင်သူများ အဆင်ပြေ
ရာသီဥတုကောင်းပြီး အထွက်နှုန်းတိုးကာ ဈေးကောင်းသဖြင့် မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြောက်ရွာဘိုကျေးရွာနှင့် မြောက်ရွာဘိုကျေးရွာရှိ ဆေးရွက်ကြီးစိုက် တောင်သူများ အဆင်ပြေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး၊ ဥပဒေချုပ်၊ စားရင်းစစ်ချုပ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ