စနစ်တကျမှတ်ပုံတင်ထားခြင်းမရှိသော ဆင်းကတ်များကို ဇွန် ၃၀ ရက်နောက်ပိုင်း ဖျက်သိမ်းသွားမည်
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ ညွှန်ကြားချက်များအရ စနစ်တကျ မှတ်ပုံတင်ထားခြင်း မရှိသော ဆင်းကတ်များကို ဇွန် ၃၀ ရက် နောက်ပိုင်းတွင် ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။






