ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရေးအတွက် မြောင်းမြမြို့နယ် ဌာနဆိုင်ရာများနှင့် မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး၊ (OSS)မှ တာဝန်ရှိသူများသည် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery)ကို ယနေ့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က မြောင်းမြမြို့နယ်၊ ကမကိုင်ကျေးရွာအုပ်စု ဝါးဘိုးတောင် ကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။