မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်တွင် မီးငြိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဦးစုခြင်း ဇာတ်တိုက်လေ့ကျင့်
စက်ရုံအလုပ်ရုံများတွင် မီးလောင်မှုဖြစ်ပွားပါက စက်ရုံအလုပ်ရုံရှိ လုပ်သားများမှ စက်ရုံရှိ မီးငြိမ်းသတ် ပစ္စည်းများဖြင့် ကနဦးငြှိမ်းသတ်နိုင်ရေး၊ မီးသတ်ဦးစီးဌာနနှင့်ပူးတွဲဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်ရှိ အဆောင်ကောင်း/အက်ဒမန်ကုမ္ပဏီလီမိတက်တွင် ဖေဖော်ဝါရီလ(၁၄)ရက် နံနက်(၉) နာရီက မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်း ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။