ဓနုဖြူမြို့နယ်တွင် ပထမအကြိမ်အဖြစ် စွမ်းအားမြှင့်မီးဖို အလုံး ၉၀၀၀ ကျော် ဖြန့်ဖြူးပေးအပ်သွားမည်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယား ရာသီဉတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း၊ စီမံကိန်းအကောင်ထည်ဖော်မည့်သူများအား မီးဖိုပေးအပ်ပွဲကို အင်္ဂလာကျေးရွာအုပ်စု၊ အင်္ဂလာကျေးရွာတွင် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ဝေါမြို့နယ် မြစ်ကျိုးကျေးရွာတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဝေါမြို့နယ် မြစ်ကျိုးကျေးရွာ မြို့မကျောင်းကြီး ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။
မော်လိုက်မြို့၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး အိမ်တွင်းမှုသင်တန်းဖွင့်လှစ်ပေး
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရှိပြီး တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ငန်းဖြင့် မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် အိမ်တွင်းမှုသင်တန်းအနေဖြင့် ဆပ်ပြာခဲ ဆပ်ပြာရည် ခေါင်းလျှော်ရည် ဖော်စပ်နည်း သင်တန်းကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက
မင်းဘူးခရိုင်ရှိ ကျေးရွာ ၇၂ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်မည်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်ရှိ ကျေးရွာ ၇၂ ရွာကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း  ရန်ပုံငွေကျပ်သိန်း ၁၀၀ စီဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်
အပျော်စီး Houseboat ရေယာဉ်လုပ်ငန်းဖွင့်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် (ရှမ်း/ကယားနယ်စပ်)ရှိ ဖယ်ခုံအင်းအတွင်း Lake Pekhon Houseboats Co.,Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်သည့် အပျော်စီးလှေလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီက Bamboo House စားသောက်ဆိုင်(လဝှဲ)တွင် ကျင်းပသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောမှုနှင့်အတူ လက်ကမ်းစာစောင်များ ဖြန့်ဝေ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာ ပြန့်ပွားရေးတို့အတွက် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။