ကျောက်ဆည်မြို့နယ်၌ အာမခံအလုပ်သမား (၂၅၉) ဦးအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ယာယီရပ်နားထားသည့် စက်ရုံ (၄) ရုံနှင့် မော်တော်ဆိုင်ကယ် အရောင်းဆိုင် (၁) ဆိုင်ရှိ လူမှုဖူလုံရေးအကျုံး ဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။








