လဲချားမြို့နယ် နမ့်တုတ် ကျေးရွာတွင် ကျေးလက် လျှပ်စစ်မီးရရှိပြီ

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ် နမ့်တုတ်ကျေးရွာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရှမ်းပြည်နယ် အစိုးရရန်ပုံငွေဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးကို ဆောင်ရွက်ခဲ့ပြီး ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ ကျေးရွာ၌ ကျေးလက်မီးလင်းရေးဖွင့်ပွဲကို ပြုလုပ်ခဲ့သည်။
မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက် သိမ်ကုန်းမိသားစုမှ (၂၇) ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် သိမ်ကုန်းမိသားစု၏ (၂၇)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်လှူပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က သိမ်ကုန်းရပ်ကွက်၊ သီရိမင်္ဂလာဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဒေသခံ ကျေးရွာသားများစုပေါင်းအားဖြင့် ကျေးရွာချင်းဆက် ချောင်းကူးတံတား တည်ဆောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြောင်းမြ-စကမြား ဆက်သွယ်ရေးလမ်းပေါ်ရှိ သရောဘုန်းချောင်းကူးတံတားကို ကျေးရွာသူရွာသားများ စုပေါင်းအားဖြင့် တည်ဆောက်ပြီးဖြစ်၍ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်၌ မိုးကြိုပဲတီစိမ်း စိုက်ပျိုးတောင်သူများအား မျိုးစေ့နှင့် တောင်သူလုပ်ငန်းသုံးပံ့ပိုးပစ္စည်းများ ပေးအပ်
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများ (GAP)နည်းစနစ်ဖြင့် မိုးကြိုပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများအား သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ နှင့် တောင်သူလုပ်ငန်းသုံး ပံ့ပိုးပစ္စည်းများပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၁၆ ရက် ၊ နံနက် ၁၁ နာရီက ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။ 
စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) ဖွဲ့စည်း
ရန်ကုန်တိုင်းဒေသကြီး စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်(ထောက်ကြန့်) လမ်းဆုံအနီး စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပုဂံမြို့ (အ.ထ.က)ကျောင်းတွင် ဘင်ခရာသင်တန်းဆင်းပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံဘင်ခရာသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီက အဆိုပါ ပုဂံမြို့၊ အခြေခံပညာအထက်တန်းကျောင်း ပဒေသာခန်းမ၌ ကျင်းပသည်။  
ညောင်ချောင်းသာ အပန်းဖြေကမ်းခြေ(ရေချိုးဆိပ်) အပန်းဖြေသူများ လာရောက်လည်ပတ်မှုများဖြင့် စည်ကားနေ
ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ညောင်တုန်းမြို့၏ အနောက်ဘက် (ရန်ကင်းစံရာကျေးရွာ)တွင် သဘာဝသဲသောင်ပြန့် ပေါ်ထွန်းလျက်ရှိပြီး အပန်းဖြေစရာ (ညောင်ချောင်းသာ) ကမ်းခြေသည် လွန်ခဲ့သော ခုနစ်နှစ်ခန့်ကစ၍ ပေါ်ပေါက်လျက်ရှိရာ လူသိများ ထင်ရှားလာသော အပန်းဖြေကမ်းခြေ (ရေချိုးဆိပ်)တစ်ခု နေရာဖြစ်သည်။