ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အသုံးပြုရန် Mobile Tablets များ ဖြန့်ဝေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်၊ တိုက်နယ် ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေး ဌာနနှင့် ဌာနခွဲများမှ ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများအား Mobile Tablets များ ဖြန့်ဝေပေးခြင်းကို ဇွန် ၂၂ ရက် နံနက် ၉ နာရီက ကျိုင်းတုံမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၌ ပြုလုပ်
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ဆောမြို့နယ်၌ အခြေခံပညာစာသင်ကျောင်း (၂၁)ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၌ အခြေခံပညာ စာသင်ကျောင်း (၂၁)ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အကူအညီဖြင့် ငါ့သရောက်မြို့ရှိ ဒေသခံတောင်သူများအား မြေပဲမျိုးစေ့များ ထောက်ပံ့ပေး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အကူအညီဖြင့် ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက ဒေသခံတောင်သူများအား မြေပဲမျိုးစေ့များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။