ဘုတလင်မြို့နယ်တွင် လယ်ယာမြေဧက (၆၀၀)ကျော်ကို အကျိုးပြုသည့် ကန်တော်ကြီးကန် ပြန်လည်တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်တွင် လယ်ယာမြေ ဧက ၆၀၀ ကျော်ကို အကျိုးပြုသည့် မြောက်ကျီကျေးရွာအနီးရှိ ကန်တော်ကြီးကန်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်တူးဖော်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း
ကျိုင်းတုံမြို့သို့ နိုင်ငံတော်မဟာဓာတ်အားစနစ်ရောက်ရှိ၍ ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ရေး စမ်းသပ်စစ်ဆေး ဆောင်ရွက်လျက်ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ၂၃၀/၆၆ ကေဗွီ ၁၀ဝ ဓာတ်အားခွဲရုံသို့ ဇွန် ၁၉ ရက်က မိုင်းပျဉ်းမြို့မှ ၂၃၀/၆၆ ကေဗွီ ၆၀ ဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်မဟာဓာတ်အားစနစ် ရောက်ရှိခဲ့ရာ ကျိုင်းတုံမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ရေး တာဝန်ရှိသူများက စမ်းသပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ကွတ်ခိုင်မြို့နယ်၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများဖျက်ဆီးသည့် အခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကွတ်ခိုင်မြို့၊ ကချင်သင်္ချိုင်းကုန်းအနီး၊ အမှိုက်စွန့်ပစ်သည့်နေရာ၌ ကျင်းပရာ
ခရီးသည်တင်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲလာသော်လည်း စီးနင်းသူနည်းပါး
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် တိုင်းဒေသကြီး ပြင်ပခေတ္တရပ်နားထားသော ခရီးသည်တင်ယာဉ်လိုင်းများကို ဇွန် ၅ ရက်မှစတင်ကာ မြိတ်မြို့ အဝေးပြေးကားဝင်းမှ မြိတ်-ရန်ကုန် ခရီးသည်တင်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနေသော်လည်း လက်ရှိတွင် ခရီးသည်စီးနင်းသူ နည်းပါးနေကြောင်း
ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံပညာကျောင်း (၁၁)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်၌ အခြေခံပညာကျောင်း (၁၁)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုဗစ်-၁၉ ကာကွယ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူများအား မိုးကာအင်္ကျီများ ပေးအပ် လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ကာကွယ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် သူများအား ယမန်နေ့ညနေ ၄ နာရီက မိုးကာအင်္ကျီများ ပေးအပ်လှူဒါန်းခဲ့