ဟိုပုံးမြို့၌ ဆေးမျိုးစုံဆိုင်များတွင် FDA မှ တားမြစ်ထားသော ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ရောင်းချလျက်ရှိသည့် ဆေးမျိုးစုံဆိုင်များတွင် FDA မှ တားမြစ်ထားသော ဆေးဝါးများရောင်းချခြင်း ရှိ/မရှိအား ရှမ်းပြည်နယ် အစားသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ပူးပေါင်းပါဝင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။







