မကွေးတိုင်းဒေသကြီးတွင် (၇၃) နှစ်မြောက် ပြည်ထောင်စု နေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့်သ၀ဏ်လွှာဖတ်ကြားပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သ၀ဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တိုင်ဒေသကြီး အားကစားကွင်း၌ ကျင်းပခဲ့သည်။
CTA ဇာတ်ညွှန်းရေးသားနည်းသင်တန်းဆင်း ဆုပေးပွဲကျင်းပ
CTA ဇာတ်ညွှန်းရေးသားနည်းသင်တန်းအပတ်စဉ် (၁) နှင့် (၂) သင်တန်းဆင်း ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ သင်တန်းခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။ 
မင်းဘူးမြို့နယ်၌ ရှေးဟောင်း ကြေးခေါင်းလောင်း ၅ လုံး၊ စဉ့်အိုး ၂ လုံးနှင့် မြေအိုး ၁ လုံး တွေ့ရှိ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရွာသာကျေးရွာ ရှင်ပင်ကြောင်လိမ်ဘုရား၌ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၈ နာရီက တရားပွဲပြုလုပ်ရန်အတွက် ဂေါပကအဖွဲ့ဝင် ဦးသိန်းလွင်ပါ ၅ ဦးမှ သာသနာ့အလံ စိုက်ထူရန် အဆိုပါဘုရား၏ တောင်ဘက် ကိုက် ၅၀ ခန့်အကွာတွင် မြေကျင်းတူးနေစဉ် ရှေးဟောင်း ပစ္စည်းများဖြစ်သော အချင်း ၃ လက်မခွဲ၊ အမြင့် ၇ လက်မခန့် စဉ့်အိုးအသေး ၂ လုံး၊ အချင်း ၈ လက်မ၊ အမြင့် ၁၁ လက်မခန့် မြေအိုးအကွဲ ၁ လုံးနှင့် ၎င်းမြေအိုးအတွင်းမှ ကြေးခေါင်းလောင်း ၅ လုံးတို့အား တွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါပစ္စည်းများအား ရှေးဟောင်းသုတေသနဦးစီးဌာနသို့ အပ်နှံရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိ
ဒုတိယသမ္မတ ဦးမြင့်ဆွေ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားတက်ရောက်
၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ကျင်းပရာ ----------
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင်၌ ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနား ကျင်းပ
၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဦးဆောင်သောအဖွဲ့ အိန္ဒိယနိုင်ငံမှ ပြန်လည် ရောက်ရှိ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဦးဆောင်သောအဖွဲ့သည် အိန္ဒိယနိုင်ငံ၊ ပြည်ထောင်စုနယ်မြေ ဒေလီ၏ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲသို့ သွားရောက်လေ့လာခဲ့ပြီး ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြ
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား လဲချားမြို့၌ ကျင်းပ
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်၊ သီရိဟံသာခန်းမ၌ ယနေ့နံနက် ၇ နာရီက ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်မှ ဖတ်ကြားခဲ့