အိမ်မဲမြို့တွင် မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများတူးဖော်ခြင်းနှင့် နုန်းများဆယ်ယူခြင်း အလေးထားဆောင်ရွက်နေ
ယခုအချိန်ခါသည် မိုးတွင်းကာလသို့ ရောက်ရှိလာပြီဖြစ်တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ နုန်းများဆယ်ယူခြင်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။








