စစ်ကိုင်းတိုင်းဒေသကြီး (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အလေးပြုခြင်းအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၅ နာရီက မုံရွာမြို့ ကန်သာယာ ရွှေလိမ္မော်ကျွန်း၌ ကျင်းပ
မြစ်သားမြို့တွင် နေကြာစိုက်နည်းစနစ် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာစိုက်နည်းစနစ် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ဝက်ထိန်းကျေးရွာအုပ်စု၊ တဲကြီးကျေးရွာရှိ တောင်သူ ဦးစိုးဝင်း၏ ဆောင်းနေကြာ ငါးဧက စံပြကွက်တွင် ပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ ရော်ဘာအစေးခြစ်နည်းနှင့် အခဲပြုလုပ်ပုံအဆင့်ဆင့် လက်တွေ့သရုပ်ပြပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရော်ဘာအစေးခြစ်နည်းနှင့် အခဲပြုလုပ်ပုံအဆင့်ဆင့် လက်တွေ့သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ဆိုက်ခေါင်ကျေးရွာရှိ တောင်သူ ဦးအောင်ခမ်း၏ ရော်ဘာခြံ၌ ပြုလုပ်ခဲ့သည်။
မိုင်းယုမြို့၌ မြန်မာ့အာမခံလုပ်ငန်းအကြောင်း အသိပညာပေးဟောပြော
တာချီလိတ်မြို့ မြန်မာ့အာမခံလုပ်ငန်းမှ မြန်မာ့အာမခံအကြောင်း သိကောင်းစရာ ဟောပြောဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မူဆယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၌ ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရန်အတွက် လူမှုရေးကူညီမှုအသင်းများမှ ခရီးသွားပြည်သူများအား နှာခေါင်းစည်းပေးဝေခြင်းနှင့် ပိုးသတ်လက်ဆေးရည်ဖြင့် လက်ဆေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် (၈)ခန်းတွဲ(၅)ထပ် ဝန်ထမ်းအိမ်ရာ ပန္နက်တင်အခမ်းအနားပြုလုပ်
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံဝန်ထမ်းများအတွက် (၈)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ ပန္နက်တင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါဝန်ထမ်းအိမ်ရာ မြေနေရာတွင် ပြုလုပ်ခဲ့သည်။
(2019 Novel Coronavirus) ကြောင့် ဖြစ်ပွားသော ရောဂါနှင့်ပတ်သက်၍ အသိပေးဆွေးနွေးဟောပြောပွဲကျင်းပ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော (2019 Novel Coronavirus) ကြောင့် ဖြစ်ပွားသောရောဂါနှင့် ပတ်သက်၍ အသိပေးဆွေးနွေးဟောပြောပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမနှင့် သတ္တုရေးရာသီရိရတနာခန်းမတို့၌ ယနေ့ မွန်းလွဲပိုင်းက အသီးသီးပြုလုပ်သည်။