လှိုင်းဘွဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေနှင့် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေတို့ဖြင့် လမ်း၊ တံတားများကို မြို့နယ်ကျေးလက်လမ်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။







