ပုသိမ် တံတားအမှတ်(၂) တည်ဆောက်မှု (၉၃)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်

ပုသိမ်တံတား အမှတ်(၂) သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မဟာဗန္ဓုလလမ်းနှင့် ငဝန်မြစ်တစ်ဖက်ကမ်းရှိ ရပ်ကွက်(၉)နှင့် ရပ်ကွက်(၁၀)ကို ဆက်သွယ်ထားသော ပေ (၂၃၈၀) ရှိ တံတားတစ်စင်းဖြစ်ပါသည်။ ပုသိမ်မြို့တွင် ရပ်ကွက် (၁၅) ရပ်ကွက်ရှိပြီး ရပ်ကွက် (၉) နှင့် ရပ်ကွက် (၁၀) မှာ ငဝန်မြစ် တစ်ဖက်ကမ်းတွင် တည်ရှိသဖြင့် သွားရေးလာရေးခက်ခဲ‌နေခြင်းဖြစ်ပါသည်။
အုတ်တွင်းမြို့တွင် ဈေးရုံ(၂)ရုံတည်ဆောက်ရန် ပန္နက်တင်အခမ်းအနား ကျင်းပ
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၊ အုတ်တွင်းမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် ကျောင်းရှစ်ဆယ်ဈေး မြေနေရာ၌ ယနေ့ နံနက် ၈ နာရီက ဈေးရုံ(၂)ရုံဆောက်လုပ်ရန် ပန္နက်တင်အခမ်းအနား ကျင်းပ ပြုလုပ်
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်း
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်အတွင်းရှိ တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို
ကျွဲကောသီးစိုက်ခင်းများတွင် ငရုတ်ညှပ်စိုက်၍ တစ်ကြိမ်စိုက် နှစ်သီးစား တောင်သူများ ဝင်ငွေကောင်းနေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ ကျွဲကောသီးစိုက်ခင်းများတွင် ငရုတ် ညှပ်စိုက်၍ တစ်ကြိမ်စိုက် နှစ်သီးစားကာ ဝင်ငွေကောင်းလျက်ရှိကြောင်း ကျွဲကောသီး စိုက်တောင်သူများထံမှ သိရ
ရေစကြိုမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော လူနေအိမ်များ အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့
ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာတွင် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသော လူနေအိမ်(၈)လုံးအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဇွန် ၂၃ ရက် ညနေ ၄ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့
ဝန်းသိုမြို့နယ်တွင် လယ်ဧက ၂၀ဝ ကျော် အကျိုးပြုမည့် ဗြန့်ကြီးရေလွှဲဆည် တည်ဆောက်ခြင်းလုပ်ငန်း အောင်မြင် ပြီးစီးတော့မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ဗြန့်ကြီးကျေးရွာအနီးရှိ နန်းလိုင်းချောင်းတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဗြန့်ကြီးရေလွှဲဆည် တည်ဆောက်ခြင်း လုပ်ငန်း ယခု ဇွန်လကုန်ပိုင်း၌ အောင်မြင်ပြီးစီးတော့မည်ဖြစ်၍ လယ်ဧက ၂၀ဝ ကျော်တို့တွင် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက်သီးနှံများကို စိုက်ပျိုးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရ
မဲတောကြိုးတံတား အထက်ပိုင်းကမ်းပြိုနေမှုအား ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် မံထုံကျေးရွာအုပ်စု မဲတောကျေးရွာ ကြိုးတံတား အထက်ပိုင်း၌ လွန်ခဲ့သော ရက်အနည်းငယ်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းကမ်းပြိုကျပြီး သစ်ပင်ကြီးများ ချောင်းအတွင်း ပိတ်ဆို့နေကြောင်း မြို့နယ်သို့ တင်ပြလာသဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြ