တီးတိန်မြို့နယ် သိုင်းငင်း-တီးတိန် ကွန်ကရစ်ကားလမ်းခင်းခြင်းလုပ်ငန်း (၁၀)မိုင် ရာနှုန်းပြည့်ပြီးစီး
ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်း-တီးတိန် အကျယ် ၁၈ ပေ၊ ထု ၉ လက်မ၊ ၁၀ မိုင်ရှိသည့် ကွန်ကရစ်ကားလမ်းခင်းခြင်းလုပ်ငန်း ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိုင်းငင်းအခြေစိုက် လမ်းအထူးအဖွဲ့(၁၀) ဦးစီးအရာရှိ (မြို့ပြ) ဦးစောအယ်ထူးထံမှ သိရသည်။








