အမျိူးသားခေါင်းဆောင်ကြီး ‌ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ဈေးမိသားစုမှ စတုဒိသာ ထမနဲ(၅၅)ဒယ် လှူဒါန်းမည်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ဈေးမိသားစုမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့တွင် စတုဒိသာ ထမနဲ (၅၅)ဒယ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော် သပြေကုန်းအဝိုင်းအနီးရှိ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ပြခန်းတွင် လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိ
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော် သပြေကုန်းအဝိုင်း၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲကို ကျင်းပမည်ဖြစ်ရာ ပြန်ကြားရေးဝန်ကြီးဌာနက ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်ပြခန်းကို ယနေ့မှ စတင်ခင်းကျင်းပြသလျက် ရှိသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီးဒေါ်ချိုချိုတို့က ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။
လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၁၆/၂၀၂၀) ကျင်းပ
2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၆/၂၀၂၀) ကို ယနေ့၊ နံနက် (၁၀:၃၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ ဉီးဆောင်၍ ကျင်းပခဲ့ပါသည်။
လားရှိုးမြို့တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်ပေါင်းစုံ အမျိုးသားအမျိုးသမီး အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ (ပထမ)အကြိမ် ဆုပေးပွဲကျင်းပ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံ ခန်းမသစ်၌  တက္ကသိုလ်ပေါင်းစုံ အမျိုးသားအမျိုးသမီး အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ (ပထမ)အကြိမ်  ဆုပေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပရာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် တက်ရောက်ခဲ့သည်။
(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်) ၌ စည်ကားသိုက်မြိုက်စွာကျင်းပ
(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio Nishimura နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ဂျပန်နိုင်ငံ၊ အအိချိခရိုင် နာဂိုယာမြို့မှ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio Nishimura နှင့်အဖွဲ့အား