ကော့သောင်းမြို့အဝင် ဗျူးပွိုင့် သာယာလှပရေးနှင့် အများပြည်သူ အပန်းဖြေအနားယူရန်နေရာ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး
ကော့သောင်းမြို့ မြန်မာနိုင်ငံ တောင်ဘက်စွန်းရောက်အမှတ်တရ ဖြစ်ကြစေရန် မြို့အဝင် ဗျူးပွိုင့်နေရာ သီရိမြိုင်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးဘေးတွင် Welcome To KAW THAUNG အထိမ်းအမှတ် (ဒေါ်ဖင်) လင်းပိုင်ငါးပုံစံနှင့် ရွှေရောင်သံမဏိပြားစာလုံးကြီးများ၊ အနားယူအပန်းဖြေရာ ကွန်ကရစ်ထီး၊ ထိုင်ခုံ၊ ရင်ပြင်လျှောက်လမ်းနှင့် အလှဆင်မီးတိုင် တပ်ဆင်ဆောက်ရွက်မှုလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးကာ မြို့နေပြည်သူများ အသုံးပြုလျက်ရှိကြောင်း ဇွန် ၂၄ ရက်က လမ်းဦးစီးဌာနမှတစ်ဆင့် သိရ








