ရေနံချောင်းမြို့နယ်တွင် အခြေခံပညာကျောင်း ခုနစ်ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိ
၂၀၂၀-၂၀၂၁ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အခြေခံပညာကျောင်း ခုနစ်ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။







