ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ရှမ်းရွာသစ်မြို့ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်မြို့ ဒေသဖွံဖြိုးရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီခွဲက ရှမ်းရွာသစ်မြို့ သန္တိသုခကျောင်းတိုက် စိတ္တသုခဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။