ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကျေးလက်ပြည်သူများသို့ အခြေခံစားကုန်များ လိုက်လံထောက်ပံ့ လှူဒါန်း
ပရဟိတလုပ်ငန်းများကို အစဉ်တစ်စိုက် ဆောင်ရွက်လျက်ရှိသည့် လူငယ်များဖြင့် ဖွဲ့စည်းထားသော ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ CVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေး ကိစ္စများ တစ်စိတ်တစ်ဒေသ အဆင်ပြေကြစေရန် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများအား အခြေခံစားကုန်များ တစ်ပိုင်တစ်နိုင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ လှူဒါန်း လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ ဝဲကြီးကျေးရွာပြည်သူများသို့ အခြေခံစားကုန်များ လိုက်လံဖြန့်ဝေ လှူဒါန်းခဲ့ကြကြောင်း သိရ







