မင်းဘူးမြို့နယ်ရှိ ကျေးရွာခုနစ်ရွာ၌ ရန်ပုံငွေကျပ် ၁၈၂ ဒသမ ၅၉၉၅ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာ ခုနစ်ရွာက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ စျေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်ရန်၊ သောက်သုံးရေလုံလောက်စွာ အသုံးပြုနိုင်ရန်အတွက် ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ကုန်ထုတ် လမ်းတံတားလုပ်ငန်းနှင့် ရေရရှိရေးလုပ်ငန်းတို့အား ဆောက်ရွက်ပေးလျက်ရှိကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းထံမှ သိရသည်။
ပန်းတောင်းမြို့ ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက ရတနာစိန်ဖူးတော် အထွဋ်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွဋ်တင်မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ထီးလင်းမြို့နယ်၌ ရေဆင်း(၁) စပ်မျိုးနေကြာ စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်
ကျေးလက်နေ တောင်သူဦးကြီးများ စားဝတ်နေရေး သက်သာချောင်လည်ပြီး အပိုဝင်ငွေများ တိုးပွားရရှိစေရေးတို့အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာ ပံ့ပိုးကူညီမှုများနှင့်အတူ ရေဆင်း(၁) စပ်မျိုးနေကြာ စိုက်ပျိုးလျက်ရှိရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
သီးနှံသစ်တော ရောနှောစိုက်ခင်းများ၌ ဆောင်းရာသီတွင် ပဲတီစိမ်း၊ ပဲယင်းများ စိုက်ပျိုး
ဂန့်ဂေါမြို့နယ်တွင် သီးနှံသစ်တော ရောနှောစိုက်ခင်းများဖြစ်သည့် နှစ်ရှည်သီးနှံ စိန်တစ်လုံးသရက်၊ လျှော်ဖြူစိုက်ခင်းများ၌ ရာသီသီးနှံများဖြစ်သည့် မိုးရာသီတွင် မိုးနှမ်းကိုလည်းကောင်း၊ ဆောင်းရာသီတွင် ပဲတီစိမ်း၊ ပဲယင်းတို့ကိုလည်းကောင်း ရောနှောစိုက်ပျိုးကြရာ စုစုပေါင်း သီးနှံသစ်တော ရောနှောစိုက်ခင်းအဖြစ် ဧက ၄၀ ကျော် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 
(၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား သထုံတွင်ကျင်းပ
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၀ ပြည့်နှစ်၊ (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ ရှင်ဥပဂုတ္တကန်တော်ရှေ့၌ ဖေဖော်ဝါရီ ၉ ရက် နံနက်က စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
မတူကွဲပြားမှုများကို အင်အားအဖြစ် စုစည်းနိုင်ရန် အထူးပင်အရေးကြီး

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာနကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် လူထုအခြေပြုဗဟိုဌာန(ဗဟန်း) (Community Centre) ဖွင့်ပွဲအခမ်း အနားကို