ဟိုပုံးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းသို့ ဆန်၊ ဆီ၊ ဆေးဝါးနှင့် နှာခေါင်းများ ဆက်ကပ်လှူဒါန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ ထောက်ပံ့လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း သံဃာတော်များ ဆွမ်းအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ယနေ့မွန်းလွှဲ (၂) နာရီအချိန်တွင် ဟိုပုံးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၁၁) ကျောင်း သို့သွားရောက်၍ ဆန်၊ ဆီ၊ ဆေးဝါးနှင့် နှာခေါင်းစည်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရပါသည်။







