ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာအဖွဲ့ မောင်တောဒေသ၌ မြေပြင်ကွင်းဆင်း သတင်းရယူ
ရခိုင်ပြည်နယ် မောင်တောမြို့၌ရောက်ရှိနေသည့် ပြည်တွင်း၊ ပြည်ပသတင်းဌာနများမှ သတင်းမီဒီယာအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားများနေထိုင်သည့် ရွာမကျေးရွာနှင့် မြို့မစေတီတောင်ကျေးရွာများသို့ သွားရောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများအား တွေ့ဆုံကာ သိရှိလိုသည်များအား မေးမြန်းသတင်းရယူကြသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr.Bhim K.Udas အားလက်ခံတွေ့ဆုံ

၂၀၂၀ နိုင်ငံတကာ Holocaust နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
၂၀၂၀ နိုင်ငံတကာ Holocaust နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် ကျင်းပသည်။
ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine SchranerBurgenerအားလက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ  (၁/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်