သထုံ၌ ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် မိုးရာသီကာလ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ဒေသခံများအား တွေ့ဆုံ  
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီတွင် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ လိုဏ်ဂူရှင်ဘုရားကြီးကျောင်း၌ ဒေသခံပြည်သူများ၊ ကုန်သည်လုပ်ငန်းရှင်များအား တွေ့ဆုံသည်။
မကွီအိမ်နူးမြို့သစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ချင်းပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
ချင်းပြည်နယ် မင်းတပ်ခရိုင် မကွီအိမ်နူးမြို့သစ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
ဆုံတားကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဆုံတားကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးခိုင်နှင့် ဝန်ထမ်းများက  ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီး ဦးအောင်လှထွန်း BBC Media Action မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် BBC Media Action မှ တာဝန်ရှိသူများအား၊ ယနေ့ ညနေ ၃ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး မစ္စတာ စကော့မာစီရာယ်အား လက်ခံတွေ့ဆုံ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့မာစီရာယ်နှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် L.P.G SAFETY TRAINING သင်တန်းအမှတ်စဉ် (၁/၂၀၂၀)ဖွင့်ပွဲအခမ်းအနား 
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဖွင့်လှစ်သည့် ရေနံဓာတ်ငွေ့ရည် တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် L.P.G SAFETY TRAINING သင်တန်းအမှတ်စဉ် (၁/၂၀၂၀)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်) ၌ ကျင်းပသည်။