ကုန်းကြမ်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးရရှိရေး ဆောင်ရွက်နိုင်ရန် အလှူငွေများထောက်ပံ့
ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်းမြို့နယ်အတွင်းရှိ ရှောက်ထန်၊ ပန်းကွေမိန်၊ ချန်မော်စီး၊ ချင်စူးကျိုင်း၊ ကျုံယွီထန်၊ ရှားယွီထန်၊ မန်တုံ၊ ရှန်းမန်ဆာ၊ လော်ကော်ကျိုင်း၊ ကျွင်ညဲကျေးရွာ ၁၀ ရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) ICB-3 တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်နိုင်ရန်အတွက် အလှူငွေထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညပိုင်း က လောက်ကိုင်မြို့ ဖူလီလိုက်ဟော်တယ်ခန်းမ၌ ကျင်းပခဲ့