မြိတ်မြို့ရှိ သမိုင်းဝင် ကန်တော်မင်္ဂလာရေကန်ပတ်လည်တွင် အရိပ်ရ ပန်းအလှပင်များ စိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၏သမိုင်းဝင်ရေကန်တစ်ခုဖြစ်သည့် မြစ်ငယ်ရပ်ကွက်တွင်တည်ရှိသော ဧက (၂၁.၆၄၀) ရှိ ကန်တော်မင်္ဂလာရေကန် စိမ်းလန်းစိုပြည်ရေးနှင့် သာယာလှပရေးအတွက် အရိပ်ရ ပန်းအလှပင် သပြေဘူတ နှင့် ခရေပင် စုစုပေါင်း အပင် ၂၁၀ ကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးခဲ့ကြ
ဟားခါးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အတိုးများ       လျှော့ချ၍ ထုတ်ချေးပေးလျက်ရှိ
ချင်းပြည်နယ် ဟားခါးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီ စိုက်ပျိုးစရိတ်များကို မေ ၁၅ ရက်မှ စတင်ထုတ်ပေးလျက်ရှိရာ ဇွန်လ ၁၅ ရက်အထိ ဟားခါးခရိုင်အတွင်းမှ ကျေးရွာအုပ်စုပေါင်း ၃၀ ကျော် တောင်သူဦးရေ ၁၀ဝ၀ ကျော်အတွက် ထုတ်ပေးပြီးခဲ့ကြောင်းနှင့် ယခင်နှစ်များက တစ်နှစ်လျှင် အတိုး ၈ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးရာမှ ယခုနှစ်တွင် အတိုး ၅ ရာခိုင်နှုန်းဖြင့် လျှော့ချ၍ ထုတ်ချေး ပေးလျက် ရှိကြောင်းဟားခါးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဒေါ်ရှန်ဒွေးထံမှ သိရှိရ
ငါးသိုင်းချောင်းမြို့ငဝန်ရေကာတာ၌ ရေဘေးကြိုတင်ကာကွယ်ရေးနှင့် တာတမံထိန်းသိမ်းနည်း သရုပ်ပြပွဲ ကျင်းပ

အခြေခံပညာကျောင်း သင်ရိုးသစ်သင်တန်းများ ဖွင့်လှစ်

Quarantine ထားရှိသည့် တိုင်းရင်းဆေးရုံရှိ အိပ်ခန်း၊ သန့်စင်ခန်း၊ ရေချိုးခန်းနှင့် နေရာအနှံ့ ပိုးသတ် ဆေးဖျန်း
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၌ ပြည်တွင်းပြည်ပပြန်များ Quarantine ထားရှိသည့် ကုတင် -၂၅ ဆံ တိုင်းရင်းဆေးရုံ၌ စိတ်စေတနာ အခမဲ့ဆေးခန်းနှင့် စိတ္တသုခ လူမှုရေးအသင်း ပရဟိတ အသင်းအဖွဲ့ များက ယမန်နေ့ ညနေပိုင်းက ပိုးသတ်ဆေးဖျန်းပေးခဲ့ကြောင်း စိတ်စေတနာ ပရဟိတ အသင်းဝင် ဦးဇော်ဇော်ထံမှ သိရ
ဂန့်ဂေါမြို့နယ် ပိုဦးရွာတွင် ရေစီးရေလာကောင်းမွန်စေရေး ရွာတွင်းလမ်း ရေနုတ်မြောင်း ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် တူးဖော်လျက်ရှိ

လဲချားမြို့တွင်  Gread-(4) သင်ရိုးသစ်အွန်လိုင်းနည်းပြသင်တန်းတက်ရောက်ပြီးသူများက ဆရာ၊ ဆရာမ များအား ပြန်လည်သင်တန်းပို့ချ
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် Gread-(4)သင်ရိုးသစ် သင်တန်းကိုယနေ့နံနက် ၉ နာရီက အထကလဲချား ကျောင်းတွင် သင်တန်းပို့ချ ပေးခဲ့ကြောင်း သိရ