ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင် တောင်ငူ-ရန်ကုန်ရထားလမ်းပိုင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည်      ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ အဆင့်(၂)ဖြစ်သည့် တောင်ငူ -ရန်ကုန်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
(၁၂၆) ကြိမ်မြောက် သွေးလှူ
ရန်ကုန်မြို့ ရွှေတိဂုံဘုရား အနောက်ဘက်မုခ် စောင်းတန်းတွင် အမျိုးသားသွေးဌာနက လာရောက်ဖွင့်လှစ်ထားသော သွေးလှူခန်း၌ စေတနာအလျှောက် (၁၂၆) ကြိမ်မြောက် သွေးလှူဒါန်း
ကလေးစာပေပွဲတော် (ရေကြည်) ရှိ ရဲတပ်ဖွဲ့ပြခန်းအား ကလေးများအထူးစိတ်ဝင်စား   
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ၊မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် (ရေကြည်) ဒုတိယနေ့ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဆက်လက်ကျင်းပလျက်ရှိရာ ရဲတပ်ဖွဲ့ပြခန်းအား ကလေးများ အထူးစိတ်ဝင်စားကြကြောင်း သိရသည်။
မုံးကိုးမြို့တွင် ကိုရိုနာဗိုင်းရစ်ပ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုမြို့၊ မြန်မာ-တရုတ်၊ နယ်စပ်အဝင်/အထွက်ဂိတ် (စစ်ဆေးရေးဂိတ်)တွင် ဇန်နဝါရီ ၂၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရစ်ပ်(အဆုတ်ရောင်)ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဖျားတိုင်းတာခြင်းစစ်ဆေးချက်များနှင့် ကျန်းမားရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ဝူဟန် (Corona Virus) ရောဂါ ကူးစက်ခြင်းမှ ကာကွယ်ရန် အသိပညာပေး လှုပ်ရှားမှုများ မန့်ဟီးရိုး၌ ဆောင်ရွက်
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်မှုရှည်လျားပြီး နှစ်နိုင်ငံ နယ်စပ်တွင် နေထိုင်ကြသော ပြည်သူများ နေ့စဉ်ကူးလူးဆက်ဆံ ဝင်ထွက်သွားလာလျက်ရှိသော ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် တရုတ်နိုင်ငံတွင် လတ်တလောဝူဟန် (Corona Virus) ရောဂါဖြစ်ပွားလျက် ရှိနေရာ မိမိတို့ ရပ်ရွာဒေသအတွင်းသို့ ရောက်ရှိပြန်နှံ့မှုမရှိစေရေးနှင့် ပြည်သူများ ကူးလူးဆက်ဆံနေမှုများမှ ရောဂါကူးစက်မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း ရာပြည့်ပွဲတော် အထိမ်းအမှတ် စာပေဟောပြောပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ
နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း ရာပြည့်ပွဲတော်အထိမ်းအမှတ် စာပေဟောပြောပွဲ ဒုတိယနေ့ကို ယမန်နေ့ ည ၇ နာရီခွဲက နန်းတော်ရှေ့အားကစားကွင်းတွင် ဆက်လက်ကျင်းပသည်။
ကျိုက်မ​ရောမြို့နယ်တွင် ​ဆောင်းသီးနှံ အ​​စေ့ထုတ်​ပြောင်း​များ အောင်မြင်ဖြစ်ထွန်း
မော်လမြိုင်ခရိုင် ကျိုက်မ​ရောမြို့နယ်တွင် ​ဆောင်းသီးနှံ အ​စေ့ထုတ်​ပြောင်းများ စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ​ကြောင်း သိရသည်။