မော်လမြိုင်ကျွန်းမြို့နယ်တွင် စတုတ္ထတန်း (Grade.4) သင်ရိုးသစ်အတွက် နည်းပြသင်တန်း အွန်လိုင်းမှ သင်ကြား

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ စတုတ္ထတန်း (Grade-4) သင်ရိုးသစ်  နည်းပြသင်တန်း အွန်လိုင်းမှ သင်ကြားခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၊မဟာဆောင်ခန်းမ ၌ ပြုလုပ်ခဲ့သည်။
ကန်ပက်လက်မြို့ မြို့နယ်ပညာရေးမှူးရုံးတွင် ပညာသင်နှစ်  Grade-4 (သင်ရိုးသစ်) အွန်လိုင်းသင်တန်း ဖွင့်လှစ်သင်ကြား
အခြေခံပညာဦးစီးဌာန၏ စီ​စဉ်​​ဆောင်ရွက်မှုဖြင့် သင်ရိုးသစ်ရေးဆွဲရေးကော်မတီမှ ပညာရှင် များက ဆွေးနွေးပို့ချသည့် ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်  Grade-4 (သင်ရိုးသစ်) အွန်လိုင်း သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကန်ပက်လက်မြို့ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်သည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ KOICA မှ ထောက်ပံ့သည့် ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းပေးအပ်ပွဲကျင်းပ 
"မြန်မာ့စိုက်ပျိုး ပညာပေးရေး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်း" (Strengthening Agricultural Extension in Myanmar- SAEM) ၏ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ KOICA မှ ထောက်ပံ့သည့် ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် ကျန်းမာရေး အထောက်အကူ ပြုပစ္စည်းများ လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို
အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ် 
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ဝေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်၊ စာအုပ်စာတမ်းများကို  မန္တလေးတိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်များသို့ လှူဒါန်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဧရာဝတီမြစ်ရေ လမ်းကောင်းမွန်ရေးအတွက် မြစ်အတွင်း သောင်းတူးခြင်းလုပ်ငန်းများ ဆောင်ရွက်မှု ၉၀ ရာခိုင်နှုန်းခန့်ပြီးစီး
ဧရာဝတီမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအတွက် မြစ်အတွင်းသောင်းတူးခြင်းလုပ်ငန်း ၄ ခုကို  ဆောင်ရွက်လျက်ရှိရာ  လက်ရှိတွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။ 
ဖားကန့်၌ ရေတိုက်စားသဖြင့် ကမ်းထိန်းနံရံ ပြိုကျခဲ့သည့် နေရာများအား ပြန်လည်ပြင်ဆင်ရန် ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ယမန်နေ့ညမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့် အတွက် မြို့နယ်အတွင်း ချောင်းလက်တက်အချို့မှ ချောင်းရေတိုက်စားသဖြင့် ကမ်းထိန်းနံရံ ပြိုကျခဲ့သည့် နေရာများအား ပြန်လည်ပြင်ဆင်တည်ဆောက်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဦးဉာဏ်လင်းအောင် ဦးဆောင်သည့် အဖွဲ့ဝင်များက မြေပြင်အခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဖျော်ဖြေရေး ဆပ်ကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ
မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဖျော်ဖြေရေး ဆပ်ကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။