ကချင်ပြည်နယ်အတွင်း အတူနေဌာနေ တိုင်းရင်းသားများ၏ ဒုတိယအကြိမ်မြောက် နှစ်ဦးကောက်သစ်စားပွဲ ကျင်းပ
ကချင်ပြည်နယ်အတွင်း အတူတကွ မှီတင်းနေထိုင်ကြသည့် အတူနေဌာနေတိုင်းရင်းသားများ၏ ဒုတိယအကြိမ်မြောက် နှစ်ဦးကောက်သစ်စားပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီခွဲက မိုးကောင်းမြို့နယ် နမ္မနကျေးရွာ ဘောလုံးကွင်း၌ကျင်းပရာ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း၊ မိုးညှင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ ဒေါက်တာမနမ်တူးဂျာ၊ ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မိုးညှင်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဌေး? ပွဲတော်ဖြစ်မြောက်ရေးကော်မတီဉက္ကဌ ဦးအောင်မျိုးမြင့်တို့မှ အခမ်းအနားမုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ဘတ်ကာ၊ ခရစ်ယာန်သိက္ခာတော်ရဆရာများမှ ကောင်းချီးမင်္ဂလာဆုကျေးဇူးတောင်းခံ၍ အခမ်းအနားကို ဖွင့်လှစ်သည်။