ပြည်မြို့နယ်တွင် နဝင်းချောင်းရေတိုက်စားမှုကြောင့် မြေပြိုကျခဲ့သောနေရာသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း လာရောက်ကြည့်ရှု
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ပြည်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၄ ရက် ညနေ ၅ နာရီခွဲက ပြည်မြို့နယ် သစ်ချီတင်အုပ်စု သစ်ချီတင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း အရှေ့ဘက်၌ နဝင်းချောင်းရေတိုက်စားမှုကြောင့် မြေပြိုကျခဲ့သည့်နေရာကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။