တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် အဆုတ်ရောင် ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ရန် မြန်မာသံရုံး အသိပေး

နေပြည်တော်၌ ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၌ ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၉၇) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၉၇) ရဲသူရတပ်ခွဲသင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၄ရက် နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ တက်ရောက်မိန့်ခွန်းပြောကြားသည်။
ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း၂၂၂ ကျော်ဖြင့် မြို့နယ်မီးသတ်စခန်း စတင်တည်ဆောက်
ကချင်ပြည်နယ်အစိုးရ၏ ၂၀၁၉- ၂၀၂၀ ခွင့်ပြုရန်ပုံငွေ ကျပ် သန်း ၂၂၂ ဒသမ ၃၅၀ ဖြင့် မြို့နယ်မီးသတ်စခန်း ဆောက်လုပ်ရန်အတွက် ပန္နက်တင်အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါ အဆောက်အအုံဆောက်လုပ်မည့် ဘီလူးကျေးရွာအနီးရှိမြို့နယ် မီးသတ်စခန်းမြေနေရာ၌ ကျင်းပရာ ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြ
"မစူးစမ်းရသေးသည့်မီးရထားလမ်း" ခရီးသွားမှတ်တမ်းအစီအစဉ် NHK အဖွဲ့ရိုက်ကူး
ဂျပန်နိုင်ငံ NHK ရုပ်သံလိုင်းမှ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က သာစည်ဘူတာမှ အမှတ်(၁၄၇) အဆန်ရထားဖြင့် ပထမလွန်းထိုးဘူတာအထိ ရထားစီးနင်းလိုက်ပါပုံ၊ ရုံပိုင်အား လွန်းထိုးရထားလမ်းအ‌ကြောင်း မေးမြန်းပုံနှင့် ၎င်းဘူတာအနီး ထမင်းလှည့်လည်‌ရောင်းချနေပုံ၊ ပထမလွန်းထိုးဘူတာမှ ဆင်တောင် ဘူတာသို့ အမှတ်(၁၄၁) အဆန်ရထားဖြင့် စီးနင်းလိုက်ပါပုံ၊ ခရီးသည်များအား ခရီးစဉ်နှင့် အလုပ်အကိုင်များ အကြောင်းမေးမြန်းပုံ တို့ကိုရိုက်ကူးခဲ့သည်။ အဆိုပါအဖွဲ့သည် မန္တလေးတိုင်း ဒေသကြီး၊ သာစည်မြို့နယ် နှင့်ရှမ်းပြည်နယ်ရှိ ကလော၊   ညောင်ရွှေ၊ တောင်ကြီးနှင့် ဆီဆိုင်မြို့နယ် များရှိ ဘူတာရုံများနှင့် မီးရထားလမ်း တစ်‌လျှောက် အခြေအနေများအား “မစူးစမ်းရသေးသည့် မီးရထားလမ်း” အမည်ဖြင့် ခရီးသွားမှတ်တမ်းတင် ရုပ်သံအစီအစဉ် ရိုက်ကူးနေခြင်းဖြစ်
ရိုတာဗိုင်းရပ်(စ်)နှင့် ဆုံဆို့-မေးခိုင် ကာကွယ်ဆေးကို ပုံမှန်ကာကွယ် ဆေးထိုး/ဆေးတိုက်အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း သင်တန်းဖွင့်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့်ဆုံဆို့-မေးခိုင် ပါဝင်သော ကာကွယ်ဆေး(Penta-4)တို့ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန် ပြည်သူ့ဆေးရုံရှိ ဒေါ်သန်းတင်ခန်းမတွင် ကျင်းပခဲ့