တတိယအကြိမ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး အမျိုးသမီးဘောလုံးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်း 

၂၀၂၀ ပြည့်နှစ် တတိယအကြိမ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီက မန္တလေးချမ်းမြသာစည်မြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလး)အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
လင်္ကာရစာမေးပွဲဖြေဆိုရန် ရန်ကုန်မြို့မှ စစ်တွေမြို့သို့သွားရောက်မည့် သံဃာတော်များအား  ကျောက်ဖြူမြို့ရှိ စေတနာရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ရက္ခပူရသာသနာလင်္ကာရအသင်း(ခွဲ)မှ ဦးဆောင်၍ လင်္ကရစာမေးပွဲဖြေဆိုရန် ရန်ကုန်မြို့မှ စစ်တွေမြို့သို့သွားရောက်မည့် စာဖြေသံဃာတော် အပါး(၄၈၀)ကျော်တို့သည် ကျောက်ဖြူမြို့တွင် ခေတ္တရပ်နားစဉ် ကျောက်ဖြူမြို့ရှိစေတနာရှင်များက ယနေ့၊နံနက် ၁၁ နာရီခွဲအချိန်တွင် မုန့်တီဆွမ်းနှင့် နေ့လည်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးပေးခြင်းနှင့် ယာဉ်မောင်းလိုင်စင်များ နယ်လှည့်ရွေ့လျားစနစ်ဖြင့် တနင်္သာရီမြို့တွင် ကွင်းဆင်းဆောင်ရွက်ပေး
ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ကစပြီး တနင်္သာရီမြို့နယ် တနင်္သာရီခန်းမအတွင်း၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား လိုင်စင်အသစ်ပြုလုပ်ပေး၍ သက်တမ်းကျော်လွန်သော ယာဉ်များအား လိုင်စင်သက်တမ်းတိုးပေးခြင်း၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူများကိုလည်း ယာဉ်မောင်း လိုင်စင်အသစ်နှင့် နှစ်လဲသက်တမ်းတိုးပေးခြင်းများအား နယ်လှည့်ရွေ့လျားစံနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရှိရ
ကလေးစာပေပွဲတော်(ရေကြည်)ဒုတိယနေ့ အားကစားပြိုင်ပွဲများ၌ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော်(ရေကြည်)ကို ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် ကျင်းပလျက်ရှိရာ ယနေ့ကလေးစာပေပွဲတော် ဒုတိယနေ့နံနက်ပိုင်းက အ-ထ-က(၁) ရေကြည်ကျောင်းဝင်း အတွင်းရှိအားကစားပြိုင်ပွဲအစီအစဉ်များတွင် ပါဝင်ယှဉ်ပြိုင်သူ ကျောင်းသား/ကျောင်းသူများ၊ လာရောက်အားပေးသူများဖြင့် စည်ကားလျက်ရှိ
ဗိုလ်ချုပ်အောင်ဆန်း (၁၀၅)နှစ်မြောက် မွေးနေ့အကြို စာအုပ်ဈေးရောင်းပွဲတော် ဇီးကုန်းမြို့နယ်တွင် ပြုလုပ်
ဗိုလ်ချုပ်အောင်ဆန်း(၁၀၅)နှစ်မြောက်မွေးနေ့အကြို စာအုပ်ဈေးရောင်းပွဲတော်ကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်တုပန်းခြံ၌ ဇန်နဝါရီလ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ငါးရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ယင်းမာပင်ခရိုင်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းနှင့် လျာထားမဲရုံစာရင်းများ ပြုစုပြီးဖြစ်ဟုဆို
၂၀၂၀ ပြည့်နှစ်အတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ ပါဝင်ဆန္ဒမဲပေးနိုင်မည့် အခြေခံဆန္ဒမဲစာရင်းနှင့် ၎င်းအခြေခံဆန္ဒမဲစာရင်းအရ မဲရုံအရေအတွက်ကို လျာထားပြီးဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်သန့်ထံမှ သိရသည်။
အီတလီနိုင်ငံသားကမ္ဘာလည့်စက်ဘီးစီးအဖွဲ့ ပင်းတယမြို့မှပြန်လည်ထွက်ခွာ
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ရောက်ရှိနေသည့် အီတလီနိုင်ငံ Veneto ဒေသ  Porto Viro မြို့မှ Mr. MAURO နှင့် ခရီးသည်လေးဦးပါ စက်ဘီးစီးအဖွဲ့သည် တစ်ညတာတည်းခိုရပ်နား၍ ပင်းတယမြို့၏ အထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြပြီး ဇန်နဝါရီ ၂၅ ရက် နံနက်  ၉ နာရီအချိန်တွင် ညအိပ်တည်းခိုရာ Golden Cave Hotel ရှေ့တွင် အမှတ်တရ မှတ်တမ်းဓါတ်ပုံများကို ရိုက်ကူးကြပြီး မော်တော်ယာဉ်ဖြင့် ရွာငံမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။