မီးဘေးသင့်နေအိမ်မှ မိသားစုအား ထောက်ပံ့ငွေနှင့် အိမ်သုံးပစ္စည်းများ သွားရောက်ပေးအပ်
မီးဘေးသင့်ပျက်စီးနေအိမ်တစ်လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ တစ်သိန်းကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀ဝ) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး (ပလပ်စတစ်ပုံးအပါ)တစ်အိမ်ထောင်စာအား  ယနေ့ နံနက်(၁၀)နာရီအချိန်တွင် မီးဘေးသင့်နေအိမ်၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့
ဒေးဒရဲမြို့ ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား စာအုပ်များလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း (NFPE) ၌ ပညာသင်ကြားနေသော ကျောင်းသား၊  ကျောင်းသူများအား ဗလာစာအုပ်နှင့် စောင်များ လှူဒါန်းပေးအပ်ခြင်းကို မွန်းတည့် ၁၂ နာရီက အခြေခံပညာမူလတန်း(ရုံးကြီး)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသက်(၈၅)နှစ်အထက် အဘိုး/အဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် အသက်(၈၅)နှစ်အထက် အဘိုး/ဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)နှစ်အောက် ကလေးငယ်များအား  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမအကြိမ် ငွေကြေးထောက်ပံ့ပေးခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၅ ရက်နေ့က ရွှေဂွန်းကျေးရွာ အထက်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
တာမွေမြို့နယ်တွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်း 'ဇွဲ' ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ပုလဲမြို့  စည်ပင်သာယာမြို့မဈေး ဆိုင်ခန်းသစ်များကို     ပွင့်လင်းမြင်သာစွာ အခန်းနေရာချထား ရောင်းချပေးလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ စည်ပင်သာယာမြို့မဈေး၌ ဇန်နဝါရီ ၂၅ ရက် နံနက် ၁၁ နာရီခွဲက  မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့၏ ကြီးကြပ်မှုဖြင့်  ဈေးဆိုင်ခန်း လျှောက်လွှာတင်ထားသူများအား ဈေးဆိုင်ခန်းသစ်များကို  မဲနှိုက်၍   ပွင့်လင်းမြင်သာစွာ   အခန်းနေရာချထား ရောင်းချပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးနှင့်အဖွဲ့ ပွင့်ဖြူမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ရေဆိုးထုတ်မြောင်းများ တူးဖော်ဆောင်ရွက်နေမှု စစ်ဆေး
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးသည် ခရိုင်နှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီ ၂၅ ရက်၊ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ်အတွင်း မိုးရာသီကာလ တောင်သူများ သီးနှံစိုက်ပျိုးလယ်မြေများ ရေနစ်မြုပ်မှုအန္တရာယ် ကင်းဝေးစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရေဆိုးထုတ်မြောင်းများ တူးဖော်ဆောင်ရွက်နေမှု အခြေအနေအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။