ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော(ရေကြည်) ကလေးစာပေပွဲတော်စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်(ဒုတိယနေ့)ကို ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ရာထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းသို့ လာရောက် လေ့လာသူများပြားလျက်ရှိကြောင်း သိရသည်။