ကိုဗစ်ကာလပိတ်ရက်အတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်(၄၀)ရာခိုင်နှုန်း ရရှိသော အလုပ်ဌာနများအား အကျိုးခံစားခွင့်ထုတ်ပေး
ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံး၊ရုံးခွဲ(၃)မှ ကိုဗစ်ကာလပိတ်ရက်အတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်း ရရှိသော အလုပ်ဌာန(၄)ခုအား အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်။








