အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ တက္ကသိုလ် အဆင့်ရည်ညွှန်း စာစောင်များနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် ရည်ညွှန်း စာစောင်တို့ကို ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဖတ်ရှုလေ့လာနိုင်ရန်၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များရှိ ဥပဒေအထောက် အကူပေးရေး အဖွဲ့ရုံးများသို့ ဖြန့်ဝေပေးရန်နှင့် စာကြည့်တိုက်တွင် ထားရှိ နိုင်ရန်အတွက် လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့၏ အစည်းအဝေးခန်းမ၌ ကျင်းပ