သံတောင်ကြီးမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်အတွက် အသိပညာပေး
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်အတွက် သံတောင်ကြီးမြို့နယ် တိုက်နယ်ကျေးလက်ကျန်းမာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက သံတောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် (၅)ရပ်ကွက်တွင် အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။


