မန္တလေးတောင်ပေါ်သို့ တောင်တက်ကားလမ်းမှ တက်ရောက်ခွင့်ပိတ်ထားပြီး ကျန်းမာရေး ထောက်ခံချက်ပါရှိပါက စောင်းတန်းများမှ တက်ရောက်ခွင့်ပြုသွားမည်
မန္တလေးတောင်ပေါ်သို့ တက်ရောက်သော တောင်တက်ကားလမ်းတွင် အားကစားလုပ်သူများ၊ တောင်တက်သူ၊ လမ်းလျှောက်သူ၊ စက်ဘီးစီးသူများဖြင့် တောင်ပေါ်သို့ လာရာက်လည်ပတ်သူများ များပြားခြင်းကြောင့် မန္တလေးတောင်တော် တောင်တက်ကားလမ်းအား ယာယီပိတ်ထားကြောင်း၊ ဆုတောင်းပြည့်ရင်ပြင်တော်အား ပိတ်ထားပြီး အခြားနေရာများသို့ (၇၂)နာရီအတွင်း ကျန်းမာရေး ထောက်ခံချက်ပါရှိပါက စောင်းတန်းများမှ တက်ရောက်ရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးတောင်တော် ဂေါပကဉက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။







