တစ်သက်တာရုပ်ရှင်ထူးချွန်ဆုရှင် ဗိုလ်ကလေးတင့်အောင်၏ ၉၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတော် ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ ဂုဏ်ထူးဆောင်၊ ဘိုကလေးမြို့နယ် အသင်း(ရန်ကုန်)၏ နာယကကြီး၊ ဒေါက်တာစည်သူ၊ ဝိဇ္ဇာပညာထူးချွန်ဆုနှင့် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရ ဗိုလ်ကလေးတင့်အောင်၏ ၉၈ နှစ်မြောက် မွေးနေ့အား ဂုဏ်ပြုသောအားဖြင့် ယမန်နေ့ ညနေ၌ ဘိုကလေးမြို့နယ်၊ ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်ဝန်းအတွင်း၌ သစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့
COVID-19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း သက်ကြီးအငြိမ်းစား ထွေ/အုပ်ဝန်ထမ်းများအား ကျန်းမာရေး ထောက်ပံ့ငွေများ ပေးအပ်
မြန်မာနိုင်ငံ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများအသင်းမှ အသင်းဝင် သက်ကြီး အငြိမ်းစားဝန်ထမ်းများအား COVID-19 ရောဂါ ဖြစ်ပွားနေစဥ်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ထောက်ပံ့ကြေး တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ဇွန် ၅ ရက် နံနက်ပိုင်းမှစတင်၍ ၃၆ လမ်းနှင့် မဟာဗန္ဓုလလမ်းထိပ်ရှိ မြန်မာနိုင်ငံ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများအသင်းရုံးတွင် ထုတ်ပေးလျက်ရှိရာ ဇွန် ၁၀ ရက်ထိ သက်ကြီးအငြိမ်းစားပင်စင် စုစုပေါင်း (၁၀၀)ကျော် ထုတ်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။
မင်းဘူးခရိုင်အတွင်း ကျေးရွာ ၂၁ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်

မြိတ်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ တိုးချဲ့ပညာပေးရေးဝန်ထမ်းများအား မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာပေး TOT သင်တန်းပို့ချ

ရှားတောမြို့နယ် တာတမော့ဂိတ်တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန်ပြည်သူ ၁၃ ဦး ထပ်မံဝင်ရောက်
ကယားပြည်နယ် လွိုင်ကော်ခရိုင် ရှားတောမြို့နယ်တွင် ထိုင်းနိုင်ငံမှ ထပ်မံဝင်ရောက်လာမည့် မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၃ ဦး ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရှိရသဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် ဦးဆောင်ပြီး ကိုဗစ်-၁၉ ကော်မတီဝင်များနှင့် (Volunteer) စေတနာ့ဝန်ထမ်းများက သွားရောက်ကြိုဆိုလက်ခံခဲ့ရာ တာတမော့ဂိတ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရောက်ရှိခဲ့