ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြင်ကဝကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းရှိ ပဲတီစိမ်းစိုက်ခင်းများ အသီးနှုန်းမြင့်မား၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း COVID-19 ကာလ မီနီအိုးဝေ အငှားမောင်းနှင် လုပ်ကိုင်နေသူများ အခက်ကြုံ
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း မီနီအိုးဝေအငှားမောင်းလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် COVID-19 ကာလအတွင်း အသွားအလာနည်းပါးမှုကြောင့် အလုပ်အကိုင် အဆင်မပြေသည့်အတွက် မိသားစုစားဝတ်နေရေး အခက်ကြုံတွေ့နေရကြောင်း မီနီအိုးဝေ မောင်းနှင်လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
ဖရူဆိုမြို့နယ် (ဟိုယာ-ဘီယာ ဒေသဖွံ့ဖြိုးရေးစခန်း) ၌ အစားထိုးသီးနှံ နှစ်ရှည်ပျိုးပင်နှင့် မျိုးစေ့များ ဖြန့်ဝေ
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ် ဟိုယာ-ဘီယာဒေသတွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှု လျော့နည်းလာစေရေးနှင့် အစားထိုးသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက်   နှစ်ရှည်သီးနှံ ပျိုးပင်/ မျိုးစေ့များ ဖြန့်ဝေပေးအပ်ခြင်းနှင့် စိုက်ပျိုးနည်းပညာသင်တန်းကို ဇွန် ၁၀ ရက်က ဖရူဆို မြို့နယ် ဟိုယာစိုက်ပျိုးရေးဆိုင်ရာ နည်းပညာပြန့်ပွားရေးစင်တာ (ဟိုယာ-ဘီယာ ဒေသဖွံ့ဖြိုးရေး စခန်း)၌ ကျင်းပ
social media အသုံးပြုကာ စိုက်ပျိုးရေးနည်းပညာ ဆွေးနွေးခြင်းများ ဂန့်ဂေါတွင် ဆောင်ရွက်ပေး
ဂန့်ဂေါမြို့နယ်တွင် မိုးသီးနှံများ စိုက်ပျိုးနေပြီဖြစ်ရာ တောင်သူများလိုအပ်နေသည့် စိုက်ပျိုးရေး နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက Field and Home Visit စနစ်ဖြင့် ကွင်းဆင်းပညာပေးနေသကဲ့သို့ social media ကို အသုံးပြု၍လည်း ဆက်သွယ်ချိတ်ဆက် ကူညီပေးလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့တွင် ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီ အဖွဲ့မှ စည်းကမ်းချက်များအား လိုက်နာမှုရှိ/မရှိ စစ်ဆေး
ဧရာဝတီတိုင်း ကြံခင်းမြို့နယ်အတွင်းရှိ ပုဂ္ဂလိကမော်တော်ယာဉ်လိုင်းများအား စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီအဖွဲ့က အဝေးပြေးကားဂိတ်အတွင်းရှိ မော်တော်ယာဉ်များအား စည်းကမ်းချက်များအတိုင်း လိုက်နာမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရ