ငါးဖမ်းရာသီ ရပ်နားချိန် နေရပ်ပြန် ပြည်တွင်းငါးဖမ်းရေလုပ်သားများနှင့် ကျွန်းစုမြို့နယ်နေရပ် ပြန်များ ခေတ္တနားရန် အတွက် Quarantine စခန်းနေရာ မြိတ်မြို့၌ ကြိုတင်ပြင်ဆင်နေ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ငါးဖမ်းရာသီရပ်နားချိန် ပြန်လည်ရောက်ရှိလာမည့်  တိုင်းဒေသကြီးပြင်ပ ပြည်တွင်းငါးဖမ်းကွက်များတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသော နေရပ်ပြန် ရေလုပ်သားများနှင့် ကျွန်းစုမြို့နယ်အတွင်းသို့ နေရပ်ပြန်များအား မြိတ်မြို့တွင်ခေတ္တနားမည့် Quarantine စခန်းနေရာကို မြိတ်မြို့ တွင် ကြိုတင်ပြင်ဆင်လျက်ရှိ
မယ်စဲ့မြို့နယ်တွင်  မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  ပျက်စီးခဲ့ရသော နေအိမ်များအား ထောက်ပံ့ငွေပေးအပ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မေ ၁၁ ရက် ညနေ ၄ နာရီခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပန်တိန်းကျေးရွာနှင့် နမ့်မန်းကျေးရွာတို့တွင် လူနေအိမ် ၄ လုံး အမိုးလန် ပျက်စီးခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မေ ၁၂ ရက်မွန်းလွဲပိုင်းက အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရ
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် အရိပ်ရသစ်မျိုးစုံပေါင်း တစ်သိန်းနှစ်သောင်းကျော် ပျိုးထောင်ထားရှိ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်များ လျော့နည်းကျဆင်းစေရေးအတွက် ရည်ရွယ်ကာ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးရန် အရိပ်ရ သစ်မျိုးစုံပေါင်း ၁၂၆၆၄၁ ပင် ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနရုံးမှ သိရ
ဗန်းမော်-ရွှေကူ -ကသာ အမြန်ရေယာဉ်လိုင်း မေ ၁၆ ရက် တွင် စတင်ပြေးဆွဲမည်
ကချင်ပြည်နယ် ဗန်းမော်မြို့  မနောဇေယျာမန္တလာ (ခ)‌ရွှေဧရာအမြန်ရေယာဉ်အသင်းမှ ရှပ်ပြေးရေယာဉ် များသည် ဗန်းမော်-ရွှေကူ -ကသာ ခရီးစဉ်ကို မေလ ၁၆ ရက်တွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါ အမြန်ယာဉ်အသင်း(ဗန်းမော်)ဂိတ်မှူးထံမှ သိရ
နမ့်ဆန်၌ Quarantine Centre တွင် နေထိုင်သူများအား  နေထိုင်စားသောက်ရေးအဆင်ပြေစေရန် သွားရောက်ကြည့်ရှုအားပေး
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်လည် ရောက်ရှိလာသည့် နေရပ်ပြန်ပြည်သူများအား Facility Quarantine Centre ၌ ထားရှိရာတွင် နေထိုင်စားသောက်ရေး၊ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေးအတွက် ယမန်နေ့ကဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းကျော်နှင့် ဒေသတာဝန်ရှိသူများတို့က သွားရောက် ကြည့်ရှုအားပေးခဲ့ကြ
ကယားပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမြစ်ချင်းဆေးထိုးသားဖောက်ခြင်းများဆောင်ရွက်
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်းငါးသယံဇာတများတိုးပွား စေရေးအတွက် သဘာဝ ရေပြင်များဖြစ်သည့် ရေကန်များ၊ ချောင်းများနှင့်ဆည်တမံများအတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်း ကို လွိုင်ကော်မြို့ ရှိတစ်ပိုင်တစ်နိုင်ငါးမွေးမြူရေးစခန်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ငါးလုပ်ငန်းဦးစီးဌာန ငါးသားပေါက်စခန်းများမှ ရယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ
စဉ့်ကိုင်မြို့နယ်တွင် သရက်သီးနှံ စိုက်ပျိုးထုတ်လုပ်သည့် ခြံလုပ်ငန်းရှင်များအား သရက်GAP အသိအမှတ်ပြု လက်မှတ်များပေးအပ်
စဉ့်ကိုင်မြို့နယ်တွင် သရက်သီးနှံစိုက်ပျိုးထုတ်လုပ်သည့်ခြံ လုပ်ငန်းရှင်များမှ ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင်GAP အသိအမှတ်ပြု လက်မှတ်များရရှိရေး စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနသို့ လျောက်ထားခဲ့ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် သရက်ခြံ လုပ်ငန်းရှင်များအား GAP လက်မှတ်များကို ယမန်နေ့ မွန်းလွဲ၂နာရီက စဉ့်ကိုင်မြို့နယ် ညောင်ပင်ကြီး နည်းပညာ စင်တာတွင် ပေးအပ်ခဲ့ကြောင်း သိရ