ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ Myanmar Fitness Dance (EIM) ပြိုင်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီးအတွင်း လုထုအားကစားလှုပ်ရှားမှုများကို မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ပြည်သူလူထုများဖြစ်လာစေရန် ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ လုထုအားကစားလှုပ်ရှားမှု Exercise is Medicine ဆောင်ရွက်မှုအစီအစဉ်အရ ၂၀၁၉ ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ Myanmar Fitness Dance (EIM) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။