ရခိုင်ပြည်နယ် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခြင်းလုပ်ငန်းများ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေး အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းများ အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
လွိုင်လင်မြို့နယ်၊ နောင်ယာဆိုင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ နောင်ယာဆိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပကြောင်း သိရသည်။
မန္တလေးတက္ကသိုလ်တွင် စုပေါင်းအမှိုက်ကောက်ပွဲပြုလုပ်
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ မန္တလေးတက္ကသိုလ် ပတ်ဝန်းကျင်သာယာလှပရေး လှုပ်ရှားမှုအနေဖြင့် ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်းဦးစီးပြီး မန္တလေးတက္ကသိုလ် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများ၊ မန္တလေးတက္ကသိုလ် ဆရာ ဆရာမများသမဂ္ဂနှင့်
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းသတိပေးချက် ထုတ်ပြန်
China Harbour Engineering Co., Ltd သည် LNG To POWER FAST TRACK PROJECT အတွက် ရန်ကုန်မြစ်အရှေ့ဘက်ကမ်း သီလဝါနယ်မြေတွင် ရေယာဉ်ကြီးများဆိုက်ကပ်မည့် ဆိပ်ခံတံတားတစ်ခု တည်ဆောက်မည်ဖြစ်ပြီး သောင်တူးလုပ်ငန်းနှင့် တံတားပိုင်တိုင်ရိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်(၆)ခု၌ ဂျုံသီးနှံ ဧက ၇၀၀၀၀ ကျော် စိုက်ပျိုးပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၆)ခုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဂျုံသီးနှံကို ဒီဇင်ဘာလ တတိယပတ် အကုန်အထိ ၇၁၇၁၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး၏ ပြောကြားချက်အရ သိရသည်။
တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကြွပ်ကြွပ်အိတ် အသုံးပြုမှုလျှော့ချရေး အသိပညာပေး
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အပတ်စဥ် တနင်္ဂနွေနေ့တိုင်း တောင်တွင်းကြီး မြို့မစျေးအတွင်းအပြင်တွင် ကြွပ်ကြွပ်အိတ် အသုံးပြုမှုလျှော့ချရေး အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး အရန်စေတီပေါင်း(၁၂၆)ဆူ ထီးတော်တင်လှူပွဲနှင့် ရှင်အပါး (၅၀၀၀) ရှင်ပြုပွဲ အလှူတော်မင်္ဂလာ အခမ်းအနား  စည်ကားသိုက်မြိုက်စွာ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ အရန်စေတီတော်ပေါင်း(၁၂၆)ဆူ ထီးတော်တင်လှူပူဇော်ခြင်းနှင့် ဘက်စုံမွမ်းမံတည်ဆောင်ခြင်း အောင်ပွဲအထိမ်းအမှတ် ရဟန်း၊ ရှင်သာမဏေအပါး (၅၀၀၀) တို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခြင်း ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီ မင်္ဂလာမဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။